ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁
‘အတုအယောင်ပြည်ထောင်စုဝါဒ အမြစ်လှန်ကြ’ ပိုစတာကိုင်ဆောင်၍ ရန်ကုန်မြို့တနေရာတွင် ရန်ကုန်အခြေစိုက် တကသ ကျောင်းသားများ ယနေ့ ဖေဖေါ်ဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကြွေးကြော်ဆန္ဒပြကြသည်။အကြမ်းဖက်စစ်တပ်က ခေတ်အဆက်ဆက်ဝါဒဖြန့်ချီထားသော အတုအယောင်ပြည်ထောင်စုကြီးအား အမြစ်လှန်ဖြိုဖျက်၍ နိုင်ငံတော်သစ်တည်ဆောက်ရန် တိုက်တွန်းကြွေးကျော်ခဲ့ကြပြီး လက်ကမ်းစာရွက်များကြဲခြင်း၊ ဝါဒမှိုင်းတိုက်ထားသော သမိုင်းမှား ကျောင်းသုံးဖတ်စာအုပ်များအား မီးရှို့၍ ဆန္ဒပြကြသည်။
Photo – Nay Myo
![](https://yktnews.com/wp-content/uploads/2022/02/1-160-1024x683.jpg)
![](https://yktnews.com/wp-content/uploads/2022/02/2-104-1024x683.jpg)
![](https://yktnews.com/wp-content/uploads/2022/02/3-92-1024x683.jpg)
![](https://yktnews.com/wp-content/uploads/2022/02/4-81-1024x683.jpg)
![](https://yktnews.com/wp-content/uploads/2022/02/5-66-1024x578.jpg)