30 C
Yangon

မောင်တောတိုက်ပွဲတွင် ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး သေဆုံးသည့်အပြင် AA က အရာရှိနှင့်စစ်သား ၂၀ နီးပါး ဖမ်းဆီးထားဟု တပ်သတင်းရင်းမြစ် အတည်ပြု(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် စစ်ကောင်စီတပ်ကို AA က မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်သား ၇ ဦးသေဆုံးသည့်အပြင် စစ်ကောင်စီတပ် အင်အား ၂၀ နီးပါးလည်း AA ၏ ဖမ်းဆီးမှု ခံလိုက်ရကြောင်း တပ်သတင်းရင်းမြစ်များနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ “ကျနော်တို့ကြားတာက အရင်ရက်(ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ၅ ရက်၊ ၆ ရက်) တွေက ဒဏ်ရာရထားတဲ့ စစ်သည်တွေကို သွားကူတဲ့ စစ်ကြောင်းက ဖေဖော် ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီ မိုင်းဆွဲခံရတယ်။ အပစ်ခံရတယ်။ အဲဒီမှာ သေသူသေ၊ ထွက်ပြေးသူပြေးကြတယ်။ စုစုပေါင်း ၂၀ လောက် အဖမ်းခံရတယ်ကြားပါတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ AA ၏ ဖမ်းဆီးမှု ခံရသော အကြမ်းဖက်စစ်သား ၂၀ နီးပါးတွင် စစ်သူနာပြု ဗိုလ်လင်းကိုကိုထိုက်လည်း ပါဝင်ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီ၁၅ မိနစ်တွင် မိုင်းဆွဲခံရပြီးနောက် AA ၏ဖမ်းဆီးမှု ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။ AA ၏ ဖေဖော်ဝါရီလ ၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသွားသူများမှာ ကြည်း ၃၉၆၃၈ ဗိုလ်မှူးမြင့်ဆွေဝင်း၊ တ-၆၆၃၀၆၂ တပ် ကြပ်ကြီး အောင်မြင့်ဆွေ၊ တ- ၁၀၄၃၇၇ တပ်ကြပ်သန်းထွေး ၊ တ- ၃၇၄၅၇၂ တပ်ကြပ်ယာဉ်မြင့်၊ ကိုယ်ပိုင်နံပါတ် တ-၃၉၂၃၉ ဒုတပ်ကြပ်ဘတင်၊ တ-၅၁၃၈၈၈ တပ်သား ထိန်လင်းအောင်၊ တ-၅၁၃၁၄၇ တပ်သားအောင်အောင်တို့ဖြစ်ကြောင်း သိရှိရသည်။ရန်ကုန်ခေတ်သစ်က AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို အကြမ်းဖက်စစ် သား ၂၀ နီးပါး ဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမပြုသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article