28 C
Yangon

တန့်ဆည် ပေချောင်ရွာရှိ ပြည်သူပိုင် နေအိမ်များ၊ ဆန်စက်နှင့် ဆိုင်ကယ်များကို စစ်တပ်က ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပေချောင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၉ရက်နှင့် ၁ဝရက်နေ့တို့တွင် ဝင်ရောက်စီးနင်းကာ ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ်များ၊ ဆန်စက်နှင့် ဆိုင်ကယ်များကို ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ပေချောင်ရွာကို ဖေော်ဝါရီလ ၈ ရက်နေ့တည်းက ဝင်ရောက် တပ်စွဲခဲ့ကာ ဖေဖော်ဝါရီလ ၉ရက်နှင့် ၁ဝရက်နေ့များတွင် စတင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ” မအလ စစ်ခွေးတွေ တောင်သူလယ်သမားတွေရဲ့ စပါးကျီတွေ ရေစက်တွေ တရွာလုံးရဲ့အိမ်တွေအကုန်များစွာကို ဝင်ရောက်မွှေနှောက်ဖျက်စီးသွားတယ်။ ရွာထဲမှာရှိတဲ့ နွား၊ ဝက်၊ ကြက်တွေကိုလည်း အကုန် သတ်ဖြတ် စားသောက် သွားတယ်။ နေအိမ်တွေ စပါးကျီတွေ ဆန်စက်တွေ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတယ်။ မအလ စစ်ကောင်စီရဲ့ စစ်ခွေးတွေက အင်အား ၁၂၀ လောက်ရှိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ ယင်း ပေချောင်ကျေးရွာတွင် အိမ်ခြေ ၁၈၀ခန့်ရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ၂ရက်ဆက်တိုက် နေအိမ် အားလုံးရှိ ပစ္စည်းများကို မွှေနှောက် ယူဆောင်ကာ မလိုအပ်သည့် ပစ္စည်းများကို ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။ လက်ရှိချိန်တွင် ပေချောင်ကျေးရွာရှိ ပြည်သူများသည် တောတောင်များ အတွင်းနေထိုင်လျက်ရှိကာ စစ်တပ်က ကျေးရွာအတွင်း ပြန်လည် ရောက်လာမည်ကို စိုးရိမ်သောကြောင့် ရွာထဲသို့ ပြန်လည် ဝင်ရောက်နေထိုင်ခြင်းမရှိသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article