35 C
Yangon

စစ်ကောင်စီခန့် ဝန်ကြီးနှင့် ဝန်ကြီးချုပ်များ၏ အဆောင်အယောင် ကားများ အတွက် စက်သုံးဆီခွဲတမ်း မင်းအောင်လှိုင် လျှော့ချ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းခန့်အပ်ထားသည့် ဝန်ကြီးနှင့်ဝန်ကြီးချုပ်များ၏ အဆောင်အယောင် ကားများအတွက် စက်သုံးဆီခွဲတမ်းများကို လျှော့ချလိုက်ကြောင်း ရန်ကုန်တိုင်းအစိုးရထံမှ ပေါက်ကြားလာသော လျှို့ဝှက်စာများအရ သိရှိရသည်။ လာမည့် ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး တစ်လလျှင် ကားတစ်စီးအတွက် စက်သုံးဆီ ဂါလန် ၆၀ ပေးအပ်နေရာမှ ဂါလန် ၅၀ သို့ လျှော့ချလိုက်ခြင်းဖြစ် ကြောင်း၊ ထိုသို့ လျှော့ချခြင်းမှာ နိုင်ငံတော်၏ အခြေအနေအရဟု အကြောင်းပြ ထားကြောင်း သိရှိရသည်။ ” ဗိုလ်ရှုခံပွဲလို အရည်မရ အဖတ်မရ ငွေကျပ်ဘီလီယံချီကို တစ်မနက်တည်း ဖြုန်းလိုက်တဲ့ ဟာမျိုး ကျတော့ လုပ်တယ်။ ဝန်ကြီးတွေ သွားလာနေရတဲ့ဟာမျိုးတွေတော့ စက်သုံးဆီလျှော့တော့ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေဘက်က တော့ ပူညံပူညံ အသံတွေတော့ ထွက်လာတယ်။ တကယ်က အဲဒီစက်သုံးဆီ ခွဲတမ်းဆိုတာကလည်း ကြားပေါက်ဝင်ငွေပဲ။ တကယ်စီးတာက နည်းပါတယ်။ ပြန်ရောင်းစားကြတာများတယ်။ ဝင်ငွေ လျှော့သွားတဲ့သဘောပေါ့။ ရန်ကုန် တိုင်းမှာဆိုရင်တော့ ဒါဆို တော်တော် မကျေနပ်ကြဘူး” ဟု ရန်ကုန်တိုင်းအစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လက်ရှိတွင် ပြည်တွင်းတွင် စက်သုံးဆီရှားပါးမှု ရှိနေပြီး စက်သုံးဆီစျေးနှုန်းများမှာလည်း နေ့စဉ် တရိပ်ရိပ် မြင့်တက်နေကာ ဓာတ်ဆီ 92 တစ်လီတာ ၁၆၀၀ ကျော် စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article