25 C
Yangon

ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အများစုတွင် မိုဘိုင်းလ်အင်တာနက်များ ဖြတ်တောက်ခံရခြင်းနှင့်နှေးကွေးခြင်းများ ဖြစ်နေ၊ Wifiနှင့်Fiber အင်တာနက်လိုင်း များရရှိနေဆဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် မြို့နယ်အများစုတွင် မိုင်ဘိုင်းလ်အင်တာနက် များ ဖြတ်တောက်ခံထားရခြင်းနှင့် နှေးကွေးခြင်းများ ဖြစ်ပေါ်နေပြီး Wifi နှင့် Fiber လိုင်းများမှာမူ ရရှိနေဆဲဖြစ်နေကြာင်း နိုင်ငံတစ်ဝန်း ပြည်သူများထံမှ သိရှိရသည်။”MPT လိုင်းကတော့ 3G တချို့မြို့နယ်တွေမှာရတယ်ပြောတယ်။ တယ်လီနောနဲ့ အော်ရီဒူးကတော့ မရဘူး။ လိုင်းကို မတက်ဘူး။ ဒီနေ့ မနက်အစောလောက်မှာ ပြတ်နေတာ။ ရတဲ့သူတွေလည်း ရတယ်ပြောတယ်။ Wifi နဲ့ ဖိုက်ဘာ လိုင်းက တော့ ရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ခေတ်သစ်၏ စုံစမ်းမှုအနေဖြင့် ရန်ကုန်မြို့လယ် ၆ မြို့နယ်၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ အင်းစိန် အပါအဝင် မြို့နယ်အများစုတွင် မိုဘိုင်းလ်အင်တာနက်များ ပြတ်တောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ “Wifi တော့ရတယ်။ ဖိုက်ဘာလိုင်းတွေလည်း ရတယ်ပြောတယ်။ မိုဘိုင်းလ် အင်တာနက်ကတော့ မရဘူး။ သူငယ်ချင်းတစ်ဦးကတော့ ရတယ်ပြောတယ်။ အရမ်းနှေးတယ်ပြောတယ်” ဟု မန္တလေးမှ ဒေသခံတစ်ဦးက ဆိုသည်။ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ဒေသတချို့တွင်လည်း မိုဘိုင်းလ် အင်တာနက်များ မရရှိကြောင်း ပြောဆိုကြသည်။ ယနေ့တွင် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ မိုဘိုင်းလ်အင်တာနက်များ ဖြတ်တောက်မည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် မိုဘိုင်းလ်အင်တာနက်များ ပြတ်တောက်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article