25 C
Yangon

NUG အစိုးရ ဦးစီးကျင်းပသော ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အခမ်း အနားတွင် တိုင်းရင်းသားအဖွဲ့များကိုယ်စား ကချင်လွတ်လပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ပြောကြားသော မိန့်ခွန်း (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၂

အမျိုးသားညီညွတ်ရေး NUG က ကျင်းပသည့် ၇၅ နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနား တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား KIA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် မိန့်ခွန်းပြောပြီး အမေရိကန်၊ ဗြိတိန်အပါ အဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရသည်။ ယနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အခမ်းအနားကို အွန်လိုင်းမှ ကျင်းပနေပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် သပိတ်ကော်မတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှ သံတမန်များ တက်ရောက်ကြသည်ကို တွေ့ရသည်။ကချင်လွတ်လပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ KIA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က “အခုအချိန်မှာ လူမျိုးပျောက်ကွယ်သွားရန် နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတဲ့ လူနည်းစုတိုင်းရင်းသားများအတွက် နိုင်ငံရေးအာမခံရှိပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကိုက်ဖြစ်နေပြီ။ မြန်မာအစိုးရ အဆက်ဆက်က ပင်လုံစာချုပ်ကို ပစ်ပယ်ထားခဲ့ပေမယ့် တောင်တန်းဒေသနဲ့ တိုင်းရင်းသားများက ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို ကနေ့ မျက်မှောက်ကာလအထိ တန်ဖိုးထား စွဲကိုင်ထားဆဲဖြစ်တယ်” ဟု ၇၅ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားတွင် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article