ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်း၊ ရှမ်း၊ ပဲခူးနှင့် မန္တလေးတို့တွင် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူနှင့် မီတာဖတ်စာရေး ၁ ဦး အပါအဝင် ၆ ဦး သတ်ခံရရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ စစ်ကိုင်း၊ ရှမ်း၊ ပဲခူးနှင့် မန္တလေးတို့တွင် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူနှင့် မီတာဖတ်စာရေး ၁ ဦး အပါအဝင် ၆ ဦး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် ပင်းတယမြို့နယ် ညောင်ကောက်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖေဝင်းကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ ညနေပိုင်းတွင် ပင်းတယ-ရွာငံဖြတ်လမ်းအနီး၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးသည် အလှူပွဲ တစ်ခုမှ ပြန်လာစဉ် ပစ်သတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းနှင့် လည်ပင်းတို့တွင် သေနတ် ဒဏ်ရာများ ထိမှန်ကာ ပွဲချင်းပြီးသဆေုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ဇော်ဦးကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်၌ ၎င်းနေအိမ်တွင်ပင် ဖတပအ အဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ ပြည်သူ့အာဏာတည်ဆောက်ရေးတပ်ဦး (ဖတပအ) တပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဇော်ဦး သားမက်ဖြစ်သူလည်း ပေါင်ကိုသေနတ်မှန်ခဲ့ပြီး ဇော်ဦးနှင့် အသက် ၁၉နှစ်အရွယ် လူငယ်တို့ သေဆုံးခဲ့ကာ ပွဲချင်းပြီးသေဆုံးခဲ့ကာ ထို လူငယ် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုကို ခွင့်လွှတ်ပေးရန် တောင်းပန်ထားသော ကြောညာချက် တစ်စောင်ကို ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ ပြည်သူ့အာဏာတည်ဆောက်ရေးတပ်ဦး (ဖတပအ) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သိမ်ကုန်းအုပ်စုကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ခိုင်ဝင်းကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်း၌ အလှူမဏ္ဍပ်အတွင်း အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ အုပ်ချုပ်ရေးမှူး အောင်ခိုင်ဝင်းသည် အောင်စည်ကျေးရွာရှိ အလှူမဏ္ဍပ်အတွင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နားထင်နှင့် လက်မောင်ကို သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာတွင်နေထိုင်သော စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မြင့်စိုးကို ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီခန့်၌ ၎င်းနေအိမ်၌ပင် Black Hawk Force Myinmu-BHFM အဖွဲ့က ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Black Hawk Force Myinmu-BHFM အဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းတိုင်း အောင်စည်ပင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းခတ်ကို ဖေဖော်ဝါရီလ ၁၁ရက်နေ့၌ အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အလားတူ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အနောက်ခြမ်းရှိ ဧရာထွန်းပန်းခြံ အနီးတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူ ကိုပေါက်စီကို သေနတ်ဖြင့် ၅ ချက် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိရသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် မီတာခမဆောင်သူများကို လျှပ်စစ်မီးလိုက်လံဖြတ်တောက်နေသည့် တောင်ငူမြို့မှ လျှပ်စစ်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- အုတ်ဖိုမြို့တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ဇော်ဦး အသတ်ခံထားရစဉ်။