29 C
Yangon

ပဲခူးတိုင်း သဲကုန်းရှိ မြသိန်းတန် ဘုရားအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရပြီး စစ်သား ၅ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်း အနောက်ပိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် သဲကုန်းမြို့ရှိ မြသိန်းတန် ဘုရားနီး တပ်စွဲထားသော အကြမ်းးဖက် စစ်ကောင်စီ တပ်ဖွဲ့ကို သဲကုန်း PDFနှင့် ပဲခူး PDF တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၅နာရီခန့်တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း အဆိုပါ PDF တပ်ဖွဲ့များထံမှ သိရသည်။ ” စစ်ဆေးရုံရောက်မှ စစ်သား ၅ဦး သေသွားတယ်လို့ သိရတယ်။ ထိခိုက် ဒဏ်ရာရတာလည်း ရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး။ ကားတစ်စီးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာပေါ့။ အခုညလည်း နံနက်ကကိစ္စကြောင့် ဟိုပစ်ဒီပစ် ပစ်နေပါတယ်” ဟု သဲကုန်းနှင့် ပဲခူး PDFတပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article