29 C
Yangon

၁ လ ကျော်ကြာ ပျောက်ဆုံးနေသော နိုင်ငံရေးသမား ဦးအောင်သူကို စစ်တပ်က ဖမ်းဆီးထား၊ ကျန်မာရေး မကောင်းမွန်၍ အသက်အန္တရာယ်စိုးရိမ်ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ

ရန်ကုန်မြို့တွင် ၁ လကျော်ကြာပျောက်ဆုံးလျက်ရှိနေသော နိုင်ငံရေးသမား ဦးအောင်သူ(တံတားနီ)သည် စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မိတ်ဆွေများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့ ရန်ကုန်မြို့၊ ဘောက်ထော်တွင် ဦးအောင်သူ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး စစ်တပ်က ဖမ်းဆီးသွားသည်ဟု မျက်မြင်တချို့ က ပြောဆိုခဲ့နောက်ပိုင်း ၁ လကျော်ကြာအချိန်မှ စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ကို အတည်ပြုနိုင်ခြင်းဖြစ်သည်။ မိသားစုဝင်တဦး၏ အဆိုအရ ဦးအောင်သူသည် အူပိတ်ရောဂါကြောင့် ဆေးရုံတက်ကုသရန် ပြင်ဆင် နေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ပြီး အာရုံကြောအားနည်းခြင်းနှင့် သွေးတိုးရောဂါများ ခံစားနေရကြောင်း၊ လက်ရှိတွင် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။ ဦးအောင်သူသည် ၁၉၈၈ ခုနှစ် ၈လေးလုံး အရေးတော်ပုံကြီး မတိုင်ခင် လပိုင်းအလို ရန်ကုန်၊ အင်လျားကန်ဘောင် တံတားနီ အရေးခင်းတွင် ဦးဆောင်လှုပ်ရှားခဲ့သော ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သည်။အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ကဒက်ကြီးရွာနေထိုင်သူကိုညီညီကိုလည်း ယမန်နေ့ညက ဖက်ဆစ်တပ်များလာရောက်ဖမ်းဆီးသွားကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်၊ည ၈ နာရီခွဲကျော်ခန့် ကိုညီညီကို မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ယခုနောက် ပိုင်းတွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည်ဟုဆိုကာ အကြောင်းပြ ဖမ်းဆီးမှုများ များပြားလာကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article