27 C
Yangon

ကလေးမြို့၊ ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို CDF-KKGနှင့် RKDF တိုက်ခိုက်၊ စခန်းနှင့် စစ်သား အချို့ ထိခိုက်ဒဏ်ရာရ၊ မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ကို ၄ နေရာတွင် တိုက်ခိုက် စစ်သား ထိခိုက်သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စခန်းကို CDF-KKG နှင့် RKDF တပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁ နာရီတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းရှိ အဆောက်အဦးများ ပျက်စီးမှုရှိသလို စစ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။CDF-KKG တပ်ရင်း ၂၊ တပ်ရင်း ၃ နှင့် Ranger Kalay Defend Force တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပြန်လည် ပစ်ခတ်မှုကြောင့် ၂ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF-KKG က သတင်းထုတ်ပြန်သည်။အလားတူ မန္တလေးတွင်လည်း တပ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲရာ ၄ နေရာကို YPGF နှင့် Dragon Warrior ပူးပေါင်းအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် တိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း သိရှိရသည်။မန္တလေး ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြား အထက ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အထက ကျောင်းကို ယနေ့ နံနက် ၁၀ နာရီ ၅၄ မိနစ်တွင် ဗုံးပစ်တိုက်ခိုက်ရာ စစ်သား အများအပြား သေဆုံးနိုင်ကြောင်း၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် ငွေတော်ကျည်ကုန်းရုံးကိုလည်း တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်မှု ရှိနိုင်ကြောင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ မြဝတီဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နံနက် ၄ နာရီ ၁၀ မိနစ်တွင် ဗုံးပစ်တိုက်ခိုက်ရာ ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း၊ အလားတူ ကနောင်လမ်းမြောက်ဘက် ၅၁ လမ်းရှိ လျှပ်စစ်ရုံးကို ၁၀ နာရီ ၂၈ မိနစ်တွင် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု ရှိ၊ မရှိ မသိရှိရသေးကြောင်း Yadanarbon Phoenix Guerilla Force YPGF အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article