26 C
Yangon

ကယားပြည်နယ်ရှိ Non-CDM ဝန်ထမ်းများ CDM အမြန်ဆုံးပြုလုပ်ရန် ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီက ထပ်မံသတိပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကယားပြည်နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများကို ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ ရက်စွဲဖြင့် အမြန်ဆုံး CDM ပြုလုပ်ရန် ထပ်မံသတိပေးသော ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီထံမှ သိရသည်။ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို သစ္စာခံ၍ တာဝန်ထမ်းဆောင် နေသော ကျန်ရှိနေသည့် ဝန်ထမ်းများအား CDM ပြုလုပ်ခြင်းဖြင့် ပြည်သူများနှင့် ပူးပေါင်းရန် တော်လှန်ရေး အင်အားစုများက စည်းရုံး ဖိတ်ခေါ်ခဲ့ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ကြာခဲ့ပြီးဖြစ်၍ လုံလောက်သော အချိန်ဖြစ်သည်ဟု သတ်မှတ်ကာ ကရင်နီပြည်နယ်အတွင်း CDM မပြုလုပ်ဘဲ စစ်ကောင်စီအား သစ္စာခံနေသော စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများ အားလုံး အဆိုပါ ကြေညာစာ ထွက်သည့်နေမှ စ၍ CDM ပြုလုပ်ရန် လေးနက်စွာတိုက်တွန်းကြောင်း ဖော်ပြထားသည်။ ဖက်ဆစ် စစ်တပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်များကို ထောက်ထား ငဲ့ညှာခြင်းမရှိဘဲ အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လက်နက်ကြီးငယ်များ၊ လေကြောင်းတိုက်ခိုက်ခြင်းများကို ကရင်နီပြည်နယ်တွင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ အာဏာသိမ်း စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းခြင်း မလုပ်နိုင်ပါက နောက်ထပ် နှစ်ပေါင်း ၇ဝ အာဏာရှင် စနစ်အောက်ကို ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး စစ်အာဏာရှင် စနစ်ဆိုး အောက် ထပ်မံ မရောက်ရှိရန်အတွက် CDM ၏ အခန်း ကဏ္ဍသည်လည်း အလွန်အရေးကြီးသောကြောင့် ပြည်သူ့ဝန်ထမ်းများ CDMတွင် ဆက်လက်ပါဝင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ ဒုတိယ အကြီးအကဲဖြစ်သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဖေဖော်ဝါရီလ ၃ရက်နေ့က ကယားပြည်နယ်သို့ ရောက်ရှိလာပြီး မြို့နယ် စီမံခန့်ခွဲရေး ကောင်စီဝင်များကို ခေါ်ယူ တွေ့ဆုံပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ တာဝန်များပြန်လည် ထန်းဆောင်ရန် ညွန်ကြားထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article