ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် Yangon Revolution Force – YRF (Soft Strike Community)မှ တော်လှန်ပုန်ကန်မယ့်ရန်ကုန် သပိတ်အား ရန်ကုန်မြို့ ကမ္ဘာအေးလမ်းမပေါ်တွင် ဖက်ဆစ် အာဏာရှင်ဆန့် ကျင်ရေး ချီတက်သပိတ်မှောက်ကြသည်။ယင်းသပိတ်တွင် လူငယ်များမှ စစ်အာဏာရှင်ကျဆုံးရေးစနစ်နှင့် Telenor Myanmarကုမ္ပဏီအား မြန်မာစစ်အုပ်စုလက်ဝေခံ ကုမ္ပဏီအားရောင်းချမည့်အပေါ် Telenor Company မှရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆိုကြသည်။