ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တွင် ယနေ့ “စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ ပြည်သူ့ ဒီမိုကရေစီအတွက် တိုက်ပွဲ၀င်ကြ”ကြွေးကြော်သံဖြင့် ၂၀၀၈ ခြေဥစာအုပ်ကို မီးရှို့ဆန္ဒပြကြသည်။ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ သင်္ဃကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ပူးပေါင်းကာ “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲ၀င်ကြ”ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်ကိုဥပဒေအရအခိုင်အမာအကာအကွယ်ပေးထားသည့် ၂၀၀၈ ခြေဥကို မီးရှို့ဖျက်ဆီးကာ စစ်အာဏာ ရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်ကြသည်။