31 C
Yangon

ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်း High Class ကားဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း High Class ကားဂိတ်တွင် ယနေ့ နံနက်ပိုင်း ပါဆယ်ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် အောင်မင်္ဂလာအဝေးပြေး High class ဂိတ်၊ ဘောက်ကားအတွင်း ဗုံးပေါက် ပြီး လူထိခိုက်မှု အနည်းငယ်ရှိကြောင်း၊ မိုးကုတ်မြို့မှ ပါလာသော ပါဆယ်ထုပ်များကို အောင်ဆန်းကွင်းသို ပို့ မည့် အထုပ်များထဲမှ ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဗုံးပေါက်ပြီး နာရီဝက်လောက်အကြာမှာ စစ်ခွေးတွေ ရောက်လာပြီး လမ်းတွေကို ၁ နာရီ ပိတ်ဆို့စစ်ဆေးတယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းမှာ မကြာခဏ ဗုံးပေါက်ပေမယ့် ဒီတစ်ခါကတော့ တော်တောလေး ပြင်းထန်တယ်” ဟု အဝေးပြေးအတွင်းမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article