30 C
Yangon

တပ်တွင်း အင်အား နည်းပါးလာမှုကြောင့် ပြည်သူ့စစ် ဖွဲ့စည်းရေး မင်းအောင် လှိုင်ကိုယ်တိုင် ဦးဆောင် လှည့်လည် စည်းရုံးနေရ၊ PDF နှင့် NUG ကို ဖြိုခွင်းရန် အချက် ၃ ချက် ညွှန်ကြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တပ်တွင်းအင်အားနည်းပါးလာမှုကြောင့် ပြည်နယ်နှင့်တိုင်း ပြည်သူ့စစ်ဖွဲ့စည်းရေး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်လှည့်လည်စည်းရုံးနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စိုးဝင်းတို့ကိုယ်တိုင် တပ်နယ်များသို့ ဆင်း၍ ပြည်သူ့စစ်ဖွဲ့စည်းရေး ဆောင်ရွက်လာရကြောင်း၊ မင်းအောင်လှိုင်က ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရေး နယ်မြေခံ တပ်ရင်းများက ဦးဆောင် လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များ သဘောတူညီထားသော NUG နှင့် PDF ကို တန်ပြန်ဆောင်ရွက်မည့် အချက် ၃ ချက်အနေဖြင့် တပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရေး ထောက်ခံတင်ပြရာတွင် စစ်မှု ထမ်းဟောင်း /ရဲမှုထမ်းဟောင်းများအား တာဝန်ပေးအပ်နိုင်ရေး စည်းရုံးဆောင်ရွက်ရန်၊ စစ်ကြောင်း ကြီး (၅) ကြောင်းဖြင့် နယ်မြေစည်းရုံးရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် ကွင်းဆင်းရာတွင် ထိထိရောက်ရောက် စည်းရုံး၍ နယ်မြေတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ သတင်းရရှိရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်ရန်နှင့် ပြည်သူများ ပါဝင်လာစေရေး စည်းရုံးဆောင်ရွက်ရန်တို့ကို တပ်တွင်း ညွှန်ကြားထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article