26 C
Yangon

“လွတ်မြောက်ဖို့အတွက် တို့တွဲလက် (United Hands for Our Freedom)” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

“လွတ်မြောက်ဖို့အတွက် တို့တွဲလက် (United Hands for Our Freedom)” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၈:၃၀ တိတိတွင် D-Day Channel, Mizzima, Khit Thit Media, PVTV နှင့် အခြားမိီဒီယာ၊ Facebook စာမျက်နှာများမှ အခမဲ့ စီစဉ်တင်ဆက်သွားမည်ဖြစ်သည်။

အခမ်းအနားကို နော်ဝေနိုင်ငံတွင် သတင်းသုံးနေထိုင်လျှက်ရှိသော ရွှေဝါရောင် ဆရာတော် အရှင်ထာဝရမှ ဦးစီးဦးဆောင်ပြုကာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရည်မွန်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာဝင်းမြတ်အေ၊ နွေဦးတော်လှန်ရေးခေါင်းဆောင် ဦးမင်းကိုနိုင်တို့မှ မိန့်ခွန်း အမှာစကားများပြောကြားကြပါမည်။

တော်လှန်ရေးဘက်တော်သား အနုပညာရှင်များဖြစ်ကြသည့် အဆိုတော် လင်းလင်း၊ အဆိုတော်နှင့် သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ သည်ခေတ်နေ၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ သရုပ်ဆောင် မြတ်နိုးအေးနှင့် မရွှေမိုး (ကိုရီးယား)တို့မှ အစီအစဉ်များကို တင်ဆက်ပြီ: Captain Zero နှင့် Pancake Dada တို့မှ အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ပေးကြမည်ဖြစ်သည်။

ပန်းချီအနုပညာရှင် ဆရာမ ချောအိသိမ်း၊ ပန်းချီဆရာမ နုယဉ်နှင့် ပန်းချီဆရာ စောကနေဒီတို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article