26 C
Yangon

စစ်ကိုင်း၊ ရေမျက်ကြီးအင်းမှ ပျက်ကျသွားသော A-5 စစ်တိုက်လေယာဉ်မှူး သေဆုံး၊ လေယာဉ်အပိုင်းအစများ ဆယ်ယူနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်း၊ ရေမျက်ကြီးအင်းတွင် ပျက်ကျသွားသော Nanchang A-5C Fantan စစ် တိုက်လေယာဉ်မှူး သေဆုံးသွားပြီး လေယာဉ်အပိုင်းအစများ ဆယ်ယူနေကြောင်း သက်ဆိုင်ရာ ကယ် ဆယ်ရေးဆောင်ရွက်သူများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းတွင် တိုက်လေယာဉ်တစ်စင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ပျက်ကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တိုက်လေယာဥ်တစ်စီး ရေမျက်ကြီးအင်းထဲ ပျက်ကျသွားတယ်။ ဒီမနက် ၁၁ နာရီလောက်က ပေါက်ကွဲသံ ၃ချက်ကြားလိုက်တယ်။ အင်းအလယ်လောက်မှာမို့ ဝေးလို့ဘာမှမမြင်ရပေမယ့် နောက် ထပ်လေယဥ်တစ်စီးဝဲပြီးရှာနေတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အခြားစစ်ကိုင်းဒေသခံတစ်ဦးကလည်း “စာရေးရွာရှေ့ကနေလူနာတင်ယာဉ်တွေ မီးသတ်ကားတွေသွားတယ်။ လေယာဉ်ပျက်ကျတယ်လို့ပြောတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ဘက်သတင်းရင်းမြစ်တချို့ကလည်း တိုက်လေယာဉ်တစ်စင်း ပျက်ကျမှု သတင်းများရရှိထားပြီး စက်ချို့ယွင်းမှုကြောင့် (သို့မဟုတ်) ပစ်ချခံရမှု ဆိုသည်ကို မသဲကွဲသေးကြောင်း ၊ ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှာ A-5 ဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဖြစ်ကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီဘက်ကမူ ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် စစ်တပ်၏ တိုက်လေယာဉ်တစ်စင်း ပျက်ကျသွားကြောင်း၊ လေယာဉ်မောင်းကို ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း အတည်ပြု ထုတ်ပြန်သည်။

ဓာတ်ပုံ- ကယ်ဆယ်ရေးမြင်ကွင်းပုံများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article