ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဆပ်ပလိုင်း GE တပ်အရာရှိရိပ်သာနှင့် စံပြစျေးအနီးရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို PDF ပူးပေါင်းတပ်ဖွဲ့များက ယခု ည ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်သားသေဆုံးမှုရှိနိုင်ကြောင်း Hmawbi Revolution Force က သတင်းထုတ်ပြန်သည်။
မှော်ဘီတော်လှန်ရေးအင်အားစုက ACPLF ၊ Yangon People’s Defense Force (Bahan) အဖွဲ့တို့နှင့်အတူ ပူးပေါင်းပြီး ယနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် မှော်ဘီမြို့ ဆပ်ပလိုင်း GE တပ် အရာရှိရိပ်သာကို ဗုံးခွဲတိုက်ခိုက်ရာ အရာ ရှိအပါအဝင် ၃ ဦး သေဆုံးနိုင်မည်ဟု ခန့်မှန်းကြောင်း သတင်းထုတ်ပြန်သည်။
“ည ၉ နာရီကျော်လောက်က ပစ်ခတ်သံတွေရော ဗုံးကွဲသံတွေရော ကြားရတယ်။ ဘယ်မှာဖြစ်တာလဲတော့မသိဘူး။ ပစ်သံနဲ့ ပေါက်ကွဲသံတော့ကြားရတယ်” ဟု မှော်ဘီဒေသခံတစ်ဦးက ပြောသည်။
အလားတူ ယနေ့ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင် စံပြစျေးအနီး လေးထောင့်ကန်လမ်းမကြီးနှင့် သံသုမာလမ်းထောင့် မြ၀တီဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို PDF ပူးပေါင်းတပ်ဖွဲ့က ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
“ဗုံးပေါက်သံအကျယ်ကြီးပဲ ကြားရတယ်။ ပြီးမှ သေနတ်သံ ၆ ချက်ကြားရပြီး ငြိမ်သွားတယ်” ဟု စံပြစျေးအနီးနေထိုင်သူ သတင်းသမားတစ်ဦးက ပြောသည်။
အလားတူ ယနေ့ည ၇ နာရီအချိန် မြောက်ဒဂုံမြိုနယ်ရှိ ထားဝယ်ချောင် ရဲစခန်းကို Spring Brother Force အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- တစ်ပြည်လုံးရှိ စစ်တပ်ပိုင် မြ၀တီဘဏ်များသည် စစ်ရေးပစ်မှတ်များဖြစ်လာသည်။