27 C
Yangon

မိုးဗြဲတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲပြီး တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊‌ဖေဖော်ဝါရီ ၂၀

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် မိုးဗြဲတွင် စစ်ကောင်စီက တိုက် လေယာဉ်များဖြင့် ယနေ့ ညနေ ၆ နာရီဝန်းကျင်မှစတင်၍ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း KNDF/B-03 က သတင်းထုတ်ပြန်သည်။

“ညနေ၆နာရီဝန်းကျင် မိုးဗြဲတွင် စကစဘက်မှလေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်။၆နာရီမထိုးခင်အထိ မိုးဗြဲနဲ့ဖယ်ခုံဘက်မှာ လေယာဥ်တွေ တောက်လျှောက်ဝဲနေခဲ့သည်/ ယနေ့တိုက်ပွဲ အရင်နေ့များထက် ပိုကြမ်းလာနိုင်သည်” ဟု KNDF/B-03 သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် စစ်ကောင်စီတပ်နှင့်ဒေသ တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ ရက်နေ့မြောက်အထိ ရောက်ရှိလာပြီဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် မိုးဗြဲမြို့ ကျေးရွာများကို နေ့စဥ်ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူနေအိမ်များ ပျက်စီးသွားကြောင်း၊ KNDF က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – မိုးဗြဲမြို့၊ ဝါရီဆူပလိုင်ကျေးရွာတွင်း နေအိမ်များ ဖျက်ဆီးခံရပုံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article