ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရန်ကုန်၊ သမိုင်းလမ်းဆုံ City Mart ရှေ့ရှိ ယာဉ်ထိန်းရဲကင်းတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲပြီး စစ်သား ၂ ဦးသေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“သမိုင်းလမ်းဆုံ City Mart ရှေ့မှာ အုန်းတာ။ စစ်ခွေး ၅ကောင်လောက်ထိတယ်။ သေလားတော့မသိဘူး။ ဆေးရုံကားတွေနဲ့ခေါ်သွားတယ်။ အခု ၂ကောင်တော့ သေပြီလို့ ပြောတယ်။ ၁ နာရီ ၃၀ မိနစ်က ဖြစ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက ရန်ကုန်-အင်းစိန်လမ်း၊ ရွာမကျောင်းလမ်း၊ ကမ်းနားလမ်းများတွင် လုံခြုံရေးအပြည့်ချပြီး ကားများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဗုံးပေါက်ကွဲပြီးနောက် City Mart ရှေ့တွင် ဆေးရုံကားများ၊ စစ်ကားများဖြင့် လမ်းပိတ်ဆို့ထားစဉ်။