32 C
Yangon

မန္တလေးမှ သံဃသမဂ္ဂရဲ့ စစ်အာဏာရှင်ကို တွန်းလှန်ချမယ့် ဆွမ်းခံကြွသပိတ်(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မန္တလေးမှ သံဃာတော်တွေက နွေဦးတော်လှန်ရေး (၁)နှစ်ကျော်ကာလ “အားလုံးစုရုန်း နှစ်ခြောက်လုံး ” လူထုလှုပ်ရှားမှုမှာ ပြည်သူလူထု နဲ့အတူ ရပ်တည်ပြီး အာဏာရူးတွေကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။
အာဏာရူးတွေကို ဆန့်ကျင်တဲ့နေရာမှာ ဘက်ပေါင်းစုံက ရရင်ရသလို ဆန့်ကျင်တော်လှန်နေဖို့ လိုတယ်ဆိုတာကို သံဃသမဂ္ဂ သံဃာများ ဆွမ်းခံကြွရင်း
လည်း တော်လှန်ခဲ့ကြပါတယ်။
“တော်လှန်ရေး ရေချိန်မြင့်လာတာနဲ့အမျှ ပြည်သူလူ ထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အရေးကြီးလာပါတယ် ။လမ်းမတွေပေါ် ပြန်ထွက်ဖို့ခက်ခဲတဲ့အခြေနေမှာ သပိတ်ကော်မတီအသီးသီးက ခေါင်းဆောင်များရဲ့ လူထုသပိတ်တိုက်ပွဲဖော်ဆောင်မှုတွေမှာတော့ ပြည်သူတွေအင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့နိူးဆော်တိုက်တွန်းလိုပါတယ်။ဖက်ဆစ်စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုမျိုးစုံကို သုံးပြီး အကြောက်တရားနဲ့ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ဖို့ကြိုးစားလာတာတွေ့ရပါတယ်။ ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်ပါစေ
ပြည်သူ တွေကိုယ်တိုင် လက်မခံရင် အုပ်ချုပ်လို့ မရပါဘူး ပြည်သူတွေရဲ့ ညီညွတ်မှုအားဟာ အဓိကကျပါတယ်။ ဒါကြောင့် လူထုသပိတ်တိုက်ပွဲတွေ အရှိန်မြှင့်ဖို့ အချိန်ကျလာပါပြီ မိမိတို့ ပါဝင်လို့ရတဲ့နေရာကနေ ပူးပေါင်း ပါဝင်ပေးကြပါ။ စိန်ခေါ်မှုတွေ အခက်အခဲ အကြပ်အတည်းတွေကို လူထုအားနဲ့ ထိုးခွဲရပါလိမ့်မယ်။ ပြည်သူတွေဦးဆောင်တဲ့ လူထုတော်လှန်ရေးဖြစ်တာကြောင့် ပြည်သူတွေရဲ့ ညီညွတ်မှုအားနဲ့သာ အာဏာရူးတွေကို အမြစ်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ပြည်သူတိုင်းဟာ တော်လှန်ရေးသမား၊ ပြည်သူတိုင်းဟာ သပိတ်သမားတွေဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ရွပ်ရွပ်ချွံချွံတွန်းလှန်မှုတွေကသာလျှင် ဒီတိုက်ပွဲရဲ့ အဖြေဖြစ်ပါတယ်”လို့ သံဃသမဂ္ဂဘက်က မိန့်ကြားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article