26 C
Yangon

ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးတွင် ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုကွန်ရက် အသုံးပြုခွင့် စစ်တပ်က ကန့်သတ်ပြီး လက်ကိုင်ဖုန်းများကို စစ်ဆေး ၊ ကိုဗစ်ကူးစက်ခံရသူများကို သေနတ်ပစ် စစ်ရေးလေ့ကျင့်ခိုင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးတွင် ဝန် ထမ်း များနှင့်မိသားစုဝင်များ၏ လူမှုကွန်ရက် အသုံးပြုခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ပြီး ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်၍ လက်ကိုင် ဖုန်း များကို ရဲက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဝန်ထမ်းများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။

လက်ရှိတွင် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် တစ်ကျောင်းလုံး ကိုဗစ်ဖြစ်နေပြီး တစ်ကျောင်းလုံးကို ပိတ်ဆို့ထားကြောင်း၊ ကျောင်းအတွင်းတွင်လည်း ရဲများချထားပြီး ဝန်ထမ်းများကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ၊ လူမှုကွန်ရက်အသုံးပြုမှုကိုလည်း ကန့်သတ် သတ် ချက်များ ထုတ်ပြန်ပြီး ဖေ့ဘုတ်စ်နှင့် VPN အသုံးပြုခြင်းမရှိစေရန် ရဲများက လက်ကိုင်မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးလျက်ရှိ ကြောင်း သိရှိရသည်။

“အခု ဗဟို၀န်ထမ်း တက္ကသိုလ် အောက်မြန်မာပြည် ( ဖောင်ကြီး) အတွင်း တကျောင်းလုံးရဲ့အကြီးဆုံးဖြစ်သူ ပါချုပ်နဲ့ ဒုချုပ်တို့ ကိုဗစ်ဖြစ်နေပြီး တ ကျောင်းလုံးကို Lockdown အဖြစ် ရက်အကန့်သန့်မရှိမည်သူကိုမှ ပေးမထွက် ပေးမ၀င်ပါဘူး။ပြီးတော့ ၀န်ထမ်းကျောင်းအတွင်း လမ်းသွယ်တွေမှာ ရဲခွေး ၃ယောက် ၄ယောက်စီချထားပြီး ၀န်ထမ်းတွေ ၀န်ထမ်း မိသားစု တွေရဲ့ ဖုန်း တွေကို VPN စစ်နေပါတယ်။စစ်ပြီး ဘယ်ကလည်း ဘယ်သူ့သား၊သမီး ဘယ်ဌာန လို့မေးပြီး ဖုန်းကိုကိုင်ထားတဲ့ပုံ ၊လူတကိုယ်လုံးပုံ ဆိုင်ကယ်၊စက်ဘီးပုံကအစ ရိုက်ယူထားနေပါတယ်။ ၀န်ထမ်းနဲ့ ၀န်ထမ်းမိသားစု တွေကိုလည်း စာရွက်တွေလိုက်ပေး ခံ၀န်လက်မှတ်တွေထိုးပြီး သူတို့ကို ပေးခိုင်းနေပါတယ်။စာရွက်ထဲကအကြောင်းအရာတွေကတော့ အခုလက်ရှိ တာ၀န်ထမ်းဆောင်နေတဲ့ ပြည့်သူ့၀န်ထမ်းများသည် CDM လုပ်ထားသောသူ ၀န်ထမ်းများနှင့်အဆက်သွယ်မလုပ်ရန် ညအိပ်မလာစေရန် ၊Fb ပေါ်တွေ နိုင်ငံရေးPost များမတင်ရန် Share မလုပ်ရန် မည်သူတဦး တယောက် နှင့်မျှမဆက်သွယ်ရန်ဆိုပြီး ခြိမ်းခြောက်စာများပေးဝေလက်မှတ် ထိုးခိုင်း နေပါတယ်” ဟု သင်တန်းသားဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိဖောင်ကြီးတက္ကသိုလ်တွင် ကိုဗစ်ဖြစ်နေသူများကိုလည်း အနားပေးခြင်း မရှိဘဲ သေနတ်ပစ်စစ်ရေး လေ့ကျင့်ခိုင်းမှုများကို လုပ်ဆောင်ခိုင်းနေကြောင်း သိရှိရသည်။

“ဒီလောက် Covid တွေဖြစ်နေတဲ့ကြားက နေပူထဲသင်တန်းတွေခေါ် စစ်သင် တန်း တွေပေး သေနတ်ပစ် စစ်ရေးလေ့ကျင့်ခိုင်းပြီး စာသင်ချိန်ထက် စစ်ရေး လေ့ကျင့်ချိန်နဲ့ သေနတ်ပစ်လေ့ကျင့်ရတာကပိုများတယ်” ဟု သင်တန်း သား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီသည် အောက်မြန်မာပြည်နှင့် အထက် မြန်မာ ပြည်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်များကို ဝန်ထမ်းများ စစ်ရေးလေ့ ကျင့်သည့် နေရာများအဖြစ် အသွင်ပြောင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article