ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
မော်ဒယ်သရုပ်ဆောင် သင်းသင်းက ယမန်နေ့ညပိုင်းတွင် ဖမ်းဆီးခံရမှုမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး စိတ်ပူပေးကြသူများကို ကျေးဇူး တင်ကြောင်း၊ အိမ်တွင် ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း မော်ဒယ် သင်းသင်း က လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုသည်။
ယခင်က ဆန္ဒပြမှုများအတွက် ခေါ်ယူစစ်ဆေးပြီး စိတ်ပူပေးကြသူများ ကို ကျေးဇူးတင်ကြောင်း၊ လူမှုရေးတိုက်ခိုက်မှုများရှိပြီး ယင်းကိစ္စများကို ပြန်လည် မဖြေရှင်းလိုကြောင်း၊ ဧည့်စာရင်းစစ်မည်ဟုဆိုကာ ခေါ်ယူသွားပြီး စစ်ဆေး ခံရကြောင်း၊ ရပ်ကွက်လူကြီးများကလည်း လိုက်လံ ဖြေရှင်းပေးကြောင်း ၎င်းက ပြောဆိုသည်။
မော်ဒယ်သင်းသင်းက အသေးစိတ်အခြေအနေများကို ပြောဆိုခြင်းမရှိဘဲ ငိုလျက်ဖြင့်သာ အိမ်ပြန်ရောက်ပြီ ဖြစ်ကြောင်း ပြောဆိုသွားသည်။ မော် ဒယ်သရုပ်ဆောင်သင်းသင်းကို ယမန်နေ့ညပိုင်း စစ်တပ်က ဧည့်စာရင်း စစ်မည်ဟုဆိုကာ အကြမ်းဖက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။