ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် မောင်းမကန်ရဲစခန်းမှ နယ်ထိန်းရဲ စိုးနိုင်ဦး ယနေ့ အသတ်ခံရကြောင်း ဒေသကာကွယ်ရေးတပ်က သတင်း ထုတ် ပြန်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၅၀မိနစ်အချိန် တနင်္သာရီတိုင်း ဒေသ ကြီး ၊ ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ် ၊ မောင်းမကန်တောင်ဆင်း ရှုခင်းသာ ကွေ့၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မောင်းမကန်ရဲစခန်းမှ နယ် ထိန်းရဲစိုးနိုင်ဦးကို Dawei Guerrilla Revolutionary Force – DGRF နှင့် Launglone People Defense Force – LPDF တို့ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း၊ ကျည် ၊ လက်ထိပ် ၊ တံဆိပ်တုံး ၊ ဟန်းဖုန်း၂လုံးနှင့် အမှုတွဲဖိုင်များအား သိမ်း ဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် Mandalay Youth Special Forces — MYSF က ၄၆ လမ်း ၊ ၄၇ လမ်း ၊ ၄၈ လမ်း မြတ်လေးလမ်း နှင့် ပိတောက်လမ်းကြားရှိ ကျူးကျော်တဲများကို လာရောက် ဖျက်ဆီးနေသော စစ်ကောင်စီတပ်ယာဉ် ၂ စီး အဝေးထိန်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲအများ အပြား ဒဏ်ရာရရှိသွားကြောင်း သတင်းထုတ်ပြန်သည်။
အလားတူ ယနေ့ညနေပိုင်း ၅ နာရီခန့်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် မြင်းကျ ဒိုး ကျေးရွာအုပ်စု ညောင်ပင်ခွရွာ၏မြောက်ဘက် လမ်းပိုင်းတစ်နေရာတွင် စစ် ကောင်စီထုတ်မြန်မာဘီယာများတင်ဆောင်လာသော ကားတစ်စီး မီး လောင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကားသည် မီးလောင်နေစဉ် ငြိမ်းသတ်မည့် သူတစ်ဦးတစ်ယောက် မှမရှိ ဘဲ တအိအိလောင်ကျွမ်းကာ လမ်းဘေးရှိ ကင်းချောင်း အတွင်းသို့ ထိုးကျ သွား သည်ဟု မျက်မြင်တွေ့ရှိသူကဆိုသည်။ ယင်းဖြစ်စဉ်မဖြစ်မီ သေနတ်သံ ၃ ချက် ခန့်ကြားရသည်ဟုလည်း အခြားနယ်မြေခံတစ်ဦးထံမှ သိရသည်။