ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ရှမ်း- ကယားနယ်စပ် မိုးဗြဲမြို့ လွယ်ရင်းတောင်ခြေတွင် စစ်တပ်က ထားပစ်ခဲ့သော တပ်မ ၆၆မှ ဗိုလ် ၁ဦးနှင့် တပ်သား ၁ဦး အလောင်းကို MOBYE PDF တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် မြေမြှုပ် သဂြိုလ်ပေးခဲ့ကြောင်း MOBYE PDF တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဗိုလ်၁ဦးနှင့် တပ်သား ၁ဦးသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများဖြစ်ပြီး စစ်ကောင်စီ တပ်သားများက ရုပ်အလောင်းများကို ပြန်လည် သယ်ဆောင်ခြင်းမရှိဘဲ ထားခဲ့ကာ သေဆုံးသူများနှင့် သက်ဆိုင်သည့် အချက်အလက်များကိုသာ ယူဆောင်သွားခဲ့ကြောင်း သိရသည်။