ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရုရှားသမ္မတပူတင် ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနေရာ အနှံ့ အပြားတွင် ပေါက်ကွဲသံများကြားရပြီး ရုရှားက ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ယူကရိန်းအစိုးရကလည်း ရုရှားက ၎င်းတို့ကို ပစ်ခတ် တိုက်ခိုက် နေပြီ ဖြစ် ကြောင်း အတည်ပြုလိုက်ပြီး ယူကရိန်းပြည်သူများကို အရေးပေါ် ရွှေ့ပြောင်းမှုများ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။