32 C
Yangon

တန့်ဆည်ရှိ ကျေးရွာ၃ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄

စစ်ကိုင်းတိုင်း ဆန့်ဆည်မြို့နယ်အတွင်းရှိ သပြေရင်း၊ လက်ဆည်နှင့် ရေရှင်ကုန်းရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် တန့်ဆည်မြို့နယ် သပြေရင်းကျေးရွာအတွင်း ၃ ရက်တိုင် တပ်စွဲနေထိုင်ခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ရွာလုံးကျွတ်နီးပါဖျက်စီးခဲ့ကာ လက်ဆည် အတွင်းရှိ နေအိမ်များကိုလည်း ဖျက်ဆီးခဲ့ပြီး ရေရှင်ကုန်းရွာ တောင်ဘက်တွင် စစ်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများပိုင်ဆိုင်သည့် ဆိုင်ကယ် ၁၀ စီးကျော် ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ယင်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် လယ်တီးကျေးရွာကို ဝင်ရောက်မွှေနှောက်နေပြီး လယ်တီးကျောင်းအနီး တပ်ဆွဲထားကာ ဒေသခံ ပြည်သူ ၆ ဦးကိုလည်း လမ်းပြရန်အတွက် ဖမ်းဆီးထားကြောင်း သိရသည်။

Photo – Taze News

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article