29.8 C
Yangon

ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီ ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဖလမ်းမြို့နယ်၊ ဟွာလ်ငိုရမ် (Hualngoram) ဒေသ၊ ခေါပွီချစ်ပ် (Khawpuichhip) ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှု အတွင်း ကျေးရွာအတွင်းကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၃ နှစ် အရွယ် Jedidia Lalduhsaka ၊ အသက် ၄ နှစ်အရွယ် Lalhuapzaua ၊ အသက် ၅ နှစ် အရွယ် Lalhriatkima ၊ အသက် ၅ နှစ်ရွယ် Malsawmmawia ၊ အသက် ၁၀ နှစ်အရွယ် Lalrinnunga နှင့် အသက် ၂၉ နှစ်အရွယ် Pa ber Lalnunfela တို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

“သေဆုံးသူ ၆ ဦးရှိတယ်လို့တော့သိရတယ်။ ကလေး ၅ ဦးနဲ့ လူကြီး ၁ ဦးသေဆုံးတယ်။ Khawpuichhip ကျေးရွာက ပြည်သူတွေပဲ နေထိုင်တာပါ။ စစ်ခွေးတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကျဲ သတ်ဖြတ်တာပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူ ၁၀ ဦးထက်မနည်းရှိတယ်။ အရေအတွက်အတိအကျကိုတော့ ဆက်လက်အတည်ပြုနေတယ်” ဟု ဒေသသတင်းရင်းမြစ်ကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article