ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်း၊ တံတားဦးမြို့အထွက် စစ်ဆေးရေးဂိတ်ကို မြစ်ငယ် PDF က တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကာ လက်နက်တစ် လက် နှင့် ကျည် ၁၀ တောင့်ရရှိကြောင်း မြစ်ငယ် PDF က သတင်း ထုတ် ပြန်သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် တံတားဦး မြို့အထွက် နှင့် သင်ပန်းရွာအကြား ကားများကို စစ်ဆေးနေသော စစ်ဆေးရေး ဂိတ်စခန်း ကို သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး မှာလည်း ဒဏ်ရာရရှိကာ ဖေဖော်ဝါရီလ ၁၂ ရက် နေ့ တွင် သေဆုံးသွား ကြောင်း မြစ်ငယ် PDF က သတင်းထုတ်ပြန်သည်။
အခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ယနေ့မှ သာ သတင်း ထုတ် ပြန် နိုင်ခြင်းဖြစ်ကြောင်း မြစ်ငယ် PDF က အသိပေးထုတ်ပြန်ထားသည်။