ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံကွင်း အနီး တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် ကင်းလှည့် စစ် ကားတစ်စီးအနီးတွင် ဗုံးကွဲမှုဖြစ်ပွားကြောင်း ဒေသခံတချို့ထံမှ သိရှိရသည်။
“စစ်ကားဗုံးပေါက်တာက တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကစံ အားကစားဝင်း ဂိတ်အမှတ် ၁၃ ရှေ့မှာဖြစ်တာ။ ခွေးတွေတော့ ထိတယ်” ဟု ဒေသခံတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။