32 C
Yangon

ပခုက္ကူမြို့ စည်ပင်သာယာရုံး ဝင်ရောက် ပစ်ခတ်ခံရပြီး ဗုံးခွဲ တိုက်ခိုက်ခံရ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်း ပခုက္ကူမြို့ စည်ပင်သာယာရေးရုံးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁နာရီ ၃ဝမိနစ်ခန့်တွင် Earthquake people’s defence force (UG) တပ်ဖွဲ့မှ အမျိုးသမီး ဦးဆောင်သည့် အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Young Force-UG တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ပခုက္ကူမြို့ စည်ပင်သာယာရုံးသည် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများကို ငွေကြေး စီးဆင်း စေခြင်းများ ပြည်သူများ အပေါ် အခွန်များ အတင်းအဓမ္မကောက်ခံခြင်းနှင့် CDM ဝန်ထမ်းများကို ဆဲဆိုခြင်း ဖိအားပေးခြင်းများ လုပ်ဆောင်ခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ ကို ငွေကြေးစီးဆင်းရေး လုပ်ဆောင်နေသည့် Non CDM များကိုပါ ပစ်မှတ်ထား တိုက်ခိုက်မည်ဟု Young Force-UG တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Video credit – Young Force-UG

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article