31 C
Yangon

မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ ရှိလာပြီးနောက် ကြံ့ဖွတ်ပါတီအတွင်း နိုင်ငံရေး ရာထူးများ ရယူမှုနှင့်ပတ် သက်၍ မူဝါဒနှင့်စည်းကမ်းများ ခိုင်ခိုင်မာမာ ချမှတ်ထားရန် စတင်တောင်းဆိုလာ

Must read

ရန်ကုန်၊ ဧပြီ ၂၈

အကြမ်းဖက်စစ်တပ်မှ ယူနီဖောင်းချွတ်၍ ကြံ့ဖွတ်ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ကာ သမ္မတ၊ ဝန်ကြီး အပါ အဝင်နိုင်ငံရေးရာထူး ရယူမှုများကို ထပ်မံ မဖြစ်ပေါ်စေရေး ပါတီတွင်း နိုင်ငံရေးမူဝါဒနှင့်စည်းကမ်းများ ခိုင်ခိုင်မာမာ ချမှတ်ထားရန် တောင်းဆိုမှုများရှိလာနေကြောင်း ကြံ့ခိုင်ရေး ပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ရွေးကောက်ပွဲအပြီး ကြံ့ဖွတ်ပါတီက စစ်တပ် ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းနိုင်သော ပြည်ထောင်စုလွှတ်တော်အမတ်နေရာ ၃၃၉ နေရာ ရရှိခဲ့ကြောင်း၊ သို့ရာတွင် ကြံ့ဖွတ်ပါတီအတွင်းမှ ဗဟိုအလုပ် အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် လွှတ်တော်အမတ်များမှာ အစိုးရအဖွဲ့တွင် ပါဝင်ခွင့်မရဘဲ ကျန်ရစ်ခဲ့မှုကြောင့် မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် နိုင်ငံရေးရာထူးရယူမည့်သူများအတွက် မူဝါဒနှင့်စည်းကမ်းများ ခိုင်ခိုင်မာမာ ချမှတ်ထားရန် ပါတီတွင်းစတင် တောင်းဆိုလာကြောင်း သိရှိရသည်။

“နိုင်ငံရေးရာထူးယူမယ့်သူတွေက ပါတီမှာ အနည်းဆုံး ဘယ်လောက်ကာလ ပါတီနဲ့ အတူရှိနေရမယ်။ နိုင်ငံရေးရာထူး ရယူသူတွေက ပါတီဗဟိုအလုပ်အမှု ဆောင်၊ ဗဟိုကော်မတီအဆင့်တွေရဲ့ ထောက်ခံချက်နဲ့ ပါတီအကျိုးကို သယ်ပိုး ပါဝင်သူဖြစ်ဖို့။ နိုင်ငံရေးရာထူးရယူမယ့်သူတွေကို ပါတီကသာလျှင် ရွေးချယ်စိစစ်ပေးဖို့ စည်းကမ်း မူဝါဒတွေ ချမှတ်ဖို့ တောင်းဆိုလာကြတယ်။ လာမယ့် ပါတီညီလာခံတွေနဲ့ အစည်းအဝေးတွေမှာ ဒါတွေကို တရားဝင် တင်ပြ တောင်းဆိုကြမယ့်သဘောဖြစ်ပါတယ်။ အခုကတော့ ဒီသဘော ထားကို တော်တော်များများ ပြောဆို ဆွေးနွေးနေကြတယ်” ဟု ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က စစ်တပ်ဦးစီးချုပ်အဖြစ်မှ အနားယူ၍ သမ္မတအဖြစ် လုပ်ဆောင်ကာ သူ၏ အစိုးရအဖွဲ့တွင် ကြံ့ဖွတ်ပါတီမှ တချို့ကိုသာ ခေါ်ယူခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီက အနိုင်ရပါတီဖြစ်သော်လည်း နိုင်ငံရေးရာထူးဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ပါဝင်ခွင့်ရရှိကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီသည် အနိုင်ရပါတီဥက္ကဋ္ဌ ဖြစ်သော်လည်း သမ္မတလုပ်ခွင့်မရဘဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးသာ ရရှိခဲ့သည်။

မင်းအောင်လှိုင်က ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်းနီနီအေး၊ ခင်မောင်စိုး၊ မောင်မြင့်၊ ဒေါက် တာမောင်သင်းတို့ကို အစိုးရအဖွဲ့သို့ ခေါ်ယူခဲ့သော်လည်း နန်းနီနီအေးမှာ အရေးမပါသည့် ဒုသမ္မတ ၂ ၊ ခင်မောင်စိုးကို အလုပ်သမားဝန်ကြီး၊ မောင်မြင့်ကို ဟိုတယ်/ခရီး၊ယဉ်ကျေး မှုဝန်ကြီးနှင့် ဒေါက်တာမောင်သင်းကို လူငယ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီဝင်များကို ပေးအပ်သော နိုင်ငံရေးရာထူးနေရာများမှာ အရေးကြီး ဆုံးဖြတ်ချက်ချနိုင်သော နေရာများမဟုတ်ဘဲ အဖြည့်ခံနေရာများသာဖြစ်သည်ဟု ပါတီတွင်း သုံးသပ်ကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြံ့ဖွတ်ပါတီအတွင်းမှ ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများကို ခေါ်ယူရန် လက်တွန့်နေခြင်းမှာ သူ၏အစိုးရဖွဲ့အသစ်အတွင်း ၎င်း၏ ဩ ဇာတည်ဆောက်မှု အပေါ် စိန်ခေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်ဟု ကြံ့ဖွတ်ပါတီအတွင်း ဝေဖန်သုံးသပ်ကြသည်။

မင်းအောင်လှိုင်က သူ၏ လူယုံများဖြစ်သော ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းတို့ကို ကြံ့ဖွတ်ပါတီမှတစ်ဆင့် တိုက်ရိုက် ရွေး ကောက်ပွဲဝင်ခိုင်းခဲ့ပြီး အရေးပါသော နိုင်ငံရေးရာထူးများဖြစ်သည့် ဒုတိယသမ္မတ ၁ ၊ ဝန်ကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌရာထူးများပေးအပ်ခဲ့သည်။

မင်းအောင်လှိုင်၏ ခိုင်းစေချက်ဖြင့် ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်ခဲ့သော ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31)၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုး တို့မှာ ကြံ့ဖွတ်ပါတီတွင် ဆက်လက်ကျန်ရှိနေဆဲဖြစ် သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article