23 C
Yangon

ကုလသမဂ္ဂညီလာခံတွင် စစ်ကောင်စီကိုဆန့်ကျင်ခဲ့သည့် ၁ နှစ်ပြည့်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်ရှိ မြန်မာများ ဂုဏ်ပြု (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံအာဏာကို မတရားသိမ်းပိုက်ပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက် ရှိ မြန်မာများက ဦးကျော်မိုးထွန်းရုံးရှေ့သို့သွားရောက်ဂုဏ်ပြုခဲ့ကြသည်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့သည် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် နိုင်ငံအာဏာကို လုယူခဲ့သည့် စစ်အာဏာရှင်ကို ဆန့်ကျင်ကာ လက်သုံးချောင်းထောင်ခဲ့သည့် ၁ နှစ်ပြည့်သည့် နေ့လည်း ဖြစ်သည်။

ယနေ့ မြန်မာစံတော်ချိန် ဖေဖေါ်ဝါရီလ ၂၆ ရက်တွင် နယူးယောက်မြို့ရှိ မြန်မာများက ဦးကျော်မိုးထွန်းရုံးခန်းကို သွားရောက်ပြီး ကျေးဇူးတင်ဂုဏ်ပြုစာများ သွားရောက်ပေးပို့ခဲ့ကြသည်။

စည်းလုံးခြင်းသည် အင်အား၊ ပြည်သူသာ အဓိက ဖြစ်သည့်အတွက် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ရေး ပြည်သူ့အင်အား၊ ပြည်သူ့စည်းလုံးမှုနဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည် မေတ္တာရပ်ခံခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချကာ အတင်းအဓမ္မ အာဏာသိမ်းယူသည့် စစ်တပ်၏ လုပ်ရပ်ကို နိုင်ငံတကာစာမျက်နှာတွင် လူသိရှင်ကြား ပထမဆုံး ဆန့်ကျင်ခဲ့သူမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article