26 C
Yangon

ယင်းမာပင်တွင် စစ်ရဟတ်ယာသ် ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ချင်းပုန်းရွာမှ မူကြိုအရွယ် ကလေးငယ် ၈ဝ ကျော်ကို စစ်တပ်က ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာနှင့် ညောင်ကိုင်းရွာကို ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချင်းပုန်းကျေးရွာ မူကြိုကျောင်းရှိ ကလေး ၈ဝ ကျော်ကို စစ်တပ်က ဖမ်းဆီးထားကြောင်း၊ ရွာကို မီးရှို့နေ ဖျက်ဆီးနေပြီး ကလေးငယ်များ၏ အသက် အန္တရာယ် စိုးရိမ်နေ ရ ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အဆိုပါ မူကြိုကျောင်းသည် ချင်းပုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စစ်တပ်က ချင်းပုန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာကာ အဆိုပါ ဘုန်းတော်ကြီး ကျောင်းမှ ကလေးငယ် ၈ဝကျော်နှင့် မူကြို ဆရာမများပါ ဖမ်းဆီးခံထားရကြောင်း သိရသည်။

“စစ်တပ်က MI35p အမျိုးအစား လေယာဉ်နဲ့ ပစ်ပြီးတော့ ရဟတ်ယာဉ်တွေနဲ့ လူချတယ်။ သူတို့ လူချပြီးတာနဲ့ ချင်းပုန်းရွာကို မီးစရှို့တာပေါ့။ ကလေးငယ် ၈ဝကျော်လည်း ဖမ်းဆီးခံထားရတယ်လို့ ကြားတယ်။ အဆက်အသွယ်က လုံးဝ မရတော့ ကလေးတွေ အသက် အန္တရာယ်လည်း ဘာမှ မပြောနိုင်တဲ့ အနေ အထား ဖြစ်နေတယ် ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လက်ရှိချိန်အထိ ချင်းပုန်း ကျေးရွာနှင့် ညောင်ကိုင်းရွာများထဲတွင် ဝင်ရောက် မွှေနှောက် ဖျက်ဆီးကာ နေအိမ် တချို့ကို မီးရှို့ ဖျက်ဆီးနေကြောင်း သိရသည်။

Photo – ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့အနီးတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး (AFP)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article