33 C
Yangon

ရေစကြို၊ ရေလယ်ကျွန်း ဆင်တဲရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဆင်တဲရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁နာရီခွဲမှ ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်ခဲ့ကာ စစ်သား ၁၀ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

ဆင်တဲရွာရှိ စစ်ကောင်စီတပ်ကို ရေလယ်ကျွန်းကာကွယ်ရေးတပ်ဖွဲ့များ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ ပြည်သူ့တပ်မတော်(မြောင်)-MUA၊ PDF-Taloke၊ MGN Rainger ၊နှလုံးလှလူမိုက်ကြီးအဖွဲ့ နှင့် Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်သော ၄၀ မမ ကျည်ထိမှန်ပြီး ဝိုင်းဖွဲ့ကာ ရေနွေးကြမ်းသောက်နေသည့် စစ်သား ၃ ဦးသေဆုံးကာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲတွင် စစ်သား ၇ ဦး သေဆုံးကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ဆင်တဲကျေးရွာရှိ ပြည်သူနေအိမ် ၄ လုံးကို မီးတင်ရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article