ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
နေပြည်တော်၊အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင် လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်း ဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) မှ ဗိုလ်ကြီးဇေသူအောင်သည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO – Local PDF) ထံ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ခဲ့သည်။
မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ ပြည်သူအပေါ် မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်လိုက်သော ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Locla PDF)တပ်ဖွဲ့က ကောင်းမွန်စွာကြိုဆိုလက်ခံပြီး လုံခြုံ သည့် နေရာ စီစဉ်ပေးခဲ့ကြောင်း၊ CDM ပြုလုပ်လာသူ လေတပ် ဗိုလ်ကြီးဇေသူအောင်သည် လေတပ်၏ ပထမဦးဆုံးသော CDM အရာရှိတစ်ဦးဖြစ်သည်။
လေတပ်၏ ပထမဦးဆုံးသော CDM အရာရှိ ဗိုလ်ကြီးဇေသူအောင်နှင့် ရန်ကုန်ခေတ်သစ် တွေ့ဆုံ မေးမြန်းခန်းကို မကြာမီတင်ဆက်သွားမည်ဖြစ်ပါသည်။