35 C
Yangon

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် စစ်ကား ၃ စီး မိုင်းခွဲခံရပြီး တစ်စစီဖြစ်ဟုဆို၊ ပိန်းကန်ကျေးရွာရဲစန်းတွင် ပစ်ခတ်မှုဖြစ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် ယနေ့ စစ်ကား ၃ စီး မိုင်း ခွဲခံရပြီး တစ်စီပျက်စီးမှုများ ဖြစ်ပေါ်ကြောင်း၊ ခရမ်းမြို့နယ် ပိန်းကန် ကျေးရွာ ရဲစန်းတွင် ပစ်ခတ်မှုဖြစ်ကြောင်း ခရမ်းPDF သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ခရမ်းမြို့ ပိန်းကန်ကျေးရွာ ရဲစခန်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်သား အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့် ရန်ကုန်ဘက်သို့ လူနာ တင်ယာဥ်ကားများ အများအပြားတက်သွားကြောင်း သိရှိရသည်။

ထိုသို့ပိန်းကန်ကျေးရွာ ရဲစခန်း ပစ်ခတ်မှုဖြစ်ပွာပြီးနောက် စစ်ကူလာသော စစ်ကား ၁ စီးကို ခရမ်းမြို့ တမံကြီးကျေးရွာ စစ်ကားမိုင်းခွဲခံရကြောင်း၊ ခရမ်း မြို့မှ မီးသတ်ကားတစ်စီး လာရောက် မီးငြိမ်းသတ်ရကြောင်း သိရှိရသည်။

အလားတူ ယနေ့ ညနေပိုင်းတွင်ပင် ခရမ်းမြို့ ကျုံတူးကျေးရွာတွင်လည်း စစ် ကား ၁ စီးမိုင်းခွဲခံရပြီး မိုင်းခွဲခံရသည့်စစ်ကား တစ်စီဖြစ်သွားကြောင်း သိရှိရသည်။

“ကျုံတူးမှာ မိုင်းခွဲခံရတဲ့ စစ်ကားကတော့ တစ်စစီဖြစ်သွားတယ်ဗျ။ တမံကြီး ဘက်မှာလည်း စစ်ကား မိုင်းဆွဲခံရတော့ မီးသတ်ကားပါ လွှတ်ရတယ်။ သုံးခွ မှာလည်း မိုင်းတွေ ထပ်ခွဲခံရတယ် စစ်ကားတွေ” ဟု ခရမ်း PDF သတင်းရင်း မြစ်က ပြောသည်။

အလားတူ ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် သုံးခွမြို့ ကျောင်းစု ပတုပ် တောင်ဘက်တွင် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံလိုက်ရကြောင်း ခရမ်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

လက်ရှိအချိန်အထိ အထိအခိုက် သေဆုံးမှု သတင်းမရရှိသေးဘဲ အသေးစိတ်ကို ဆက်လက် သတင်းဖော်ပြမည်ဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကားများ ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article