33 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: February, 2022

စစ်အာဏာရှင်ချေမှုန်းရေး ၃၇၃ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ၃၇၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။
00:01:47

ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အခြေစိုက်စခန်းကို ဒေသကာကွယ်ရေးတပ်ဖြွ့များ ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၃၀ ဦး ခန့်သေဆုံး(ရုပ်/သံ)

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီးများအခြေစိုက်စခန်းကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၄ ရက် ည ၁၁ နာရီခန့်တွင် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော် MRDA တို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀...

ထားဝယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ D.D.F ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တီးတိန်ဘက်သို့ထွက်ခွာလာသော ၂၃ စီးပါ စစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့များတိုက်ခိုက်၊ စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့မှ တီးတိန်မြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို PDF Zoland နှင့် CDM Siyin တပ်ဖွဲ့များက ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း...

အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ‘ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်’ ယင်းမာပင်တွင် သပိတ်ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတွင် ပြည်သူများ စုစည်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး 'ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်ကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အင်မထီးရွာရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးသင်တန်စခန်းကို ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ၏ စစ်ရေးသင်တန်းကို ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၄ ရက် ညနေ ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ စစ်ကောင်စီနှင့် ပျူစောထီးဘက်မှ ၃...

“နိုင်ငံအသစ်ကို ရဲရဲကြီးတည်ဆောက်ကြ”

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၅ သရက်ချောင်းမြို့နယ်လုံးဆိုင်ရာ သပိတ်ကော်မတီကဦးဆောင်ပြီး ဒီနေ့ ညနေပိုင်းမှာ "နိုင်ငံအသစ်ကို ရဲရဲကြီးတည်ဆောက်ကြ" ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်ကိုသပိတ်မှောက်ဆန္ဒထုတ်ဖော်ကြပါတယ်။

မြန်မာနိုင်ငံအနှံ့မှ အကြားအာရုံမသန်စွမ်းသူများက တယ်လီနောကို စစ်အုပ်စုလက်ဝေခံ Investcom ထံ မရောင်းရေး Online campaign ပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံအနှံ့မှ နားမကြားသူများ(အကြားအာရုံမသန်စွမ်းသူများ)က “Telenor” တယ်လီနောကို စစ်အုပ်စုလက်ဝေခံ Investcom ထံ မရောင်းရန် တားဆီးသည့် online campaign ကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

KNU တပ်မဟာ ၅ နယ်မြေတွင် ၂ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်တွင် ဖေဖေါ်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့များကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ...

မင်းတပ်၊ ဝမ္မသူးရွာဟောင်းအနီးတွင် စစ်ကောင်စီတပ်နှင့် CDF မင်းတပ် ကြား တိုက်ပွဲဖြစ်၊ ဝမ္မသူးရွာကို ချိန်ရွယ်ပြီး စစ်ကောင်စီက တာဝေး လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာဟောင်း (Kyawng Nu) ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်ကြား ယနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဝမ္မသူး (Vom Thu) ရွာသို့ လက်နက်ကြီးများဖြင့်...

Latest news

- Advertisement -spot_img