29 C
Yangon

အင်မထီးရွာရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးသင်တန်စခန်းကို ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ၏ စစ်ရေးသင်တန်းကို ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၄ ရက် ညနေ ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ စစ်ကောင်စီနှင့် ပျူစောထီးဘက်မှ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က သတင်းထုတ်ပြန်သည်။

အဆိုပါ အင်မထီးရွာရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးများမှာ လက်နက်အစစ်များဖြင့် စစ်သင်တန်းပေးနေချိန် ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)တပ်ခွဲ(၇/၂၂/၂၃)၊ Pale People’s Defence Force-Headquarters၊ တောင်ပေါ်ပုဏ္ဏက၊ Pale Plain Defence Groups၊ လင်းယုန်၊ Myaing Village Revolution Frontနှင့် တော်ဝင်လင်းယုန်အဖွဲ့များ ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲသည် ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း PRA က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – PRA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article