27 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၂ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်တွင် ဖေဖေါ်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့များကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရသွားကြောင်း မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တပ်ဖွဲ့များသည် စစ်ကောင်စီ၏ ညာဃော်ကျိုး (သူးမွဲထာမြောက်ဖက်) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကြောင်း၊ KNLA တပ်ရင်း ၁၅ တပ်ခွဲ ၂ တပ်ဖွဲ့များသည် ဖေဖေါ်ဝါရီလ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် ဖာပွန်မြို့အရှေ့ဘက် (ထူမောဒဲ) တံတားဦးရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကြောင်း၊ အလားတူ ခူးသူးထာစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် KNLA တပ်ရင်း ၁၀၂ အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ မယ်ဝေ (မဲဝိုင်) စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁ ဦး ဒဏ်ရာပြင်းထန်ကြောင်းနှင့် တိုက်ခိုက်မှု ၄ ကြိမ်တွင် KNLA တပ်ဖွဲ့ဘက်မှ ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article