29 C
Yangon

ဖလမ်းမှ ဟားခါးသို့ ထွက်လာသော စစ်ယာဉ်တန်းနှင့် ချင်းတပ်ဖွဲ့များ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး CNA ရဲဘော် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ မတ် ၃

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို Thlan Rawn (ထလန်ရောန်) ကျေးရွာအနီးတွင် ဖေဖေါ်ဝါရီလ ၂၈ ရက်၊ မတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ချင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး မတ်လ ၂ ရက်နေ့ တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA မှ Salai Za Hnin နှင့် Salai Van Bawi Bik တို့ ၂ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းသည် ဖလမ်းမှ ဟားခါးသို့ ဖေဖေါ်ဝါရီလ ၂၇ ရက်တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသည့်အရေအတွက်ကို မသိရှိရသေးပေ။

၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် Dokthek (ဒေါက်ထက်) ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် ဆိုင်ကယ်ဖြင့် ခရီးသွားနေသည့် CNDF တပ်ဖွဲ့ဝင် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ မျက်လုံးများကို ဖောက်ထုတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ၎င်း၏ အလောင်းကို Tlangzar (တလန်ဇာရ်) ကျေးရွာအနီးတွင် တွေ့ရှိခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များက ဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article