26 C
Yangon

ဆားလင်းကြီးတွင် ကဗျာဆရာကေဇဝင်းအပါအဝင် အာဇာနည် ၉ ဦးကျဆုံးမှု ၁ နှစ်ပြည့် အဖြစ် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်(ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အာဇာနည်လမ်းပေါ်တွင် စစ်ကောင်စီ၏ လူမဆန်စွာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော ကဗျာဆရာ ကေဇဝင်း အပါအဝင် ရဲဘော်အာဇာနည် ၉ ဦး၏ တစ်နှစ်ပြည့်သော ယနေ့ တွင် ဆားလင်းကြီး ပြည်သူများက ချီတက် အလေးပြုကြသည်။
ဆားလင်းကြီး ပြည်သူများက “ကျူပ်တို့လူထုတစ်ရပ်လုံးကိုကေဇဝင်းစိတ်ဓာတ်ကိုင်စွဲပြီး စစ်အာဏာရှင်၏ထောက်တိုင်မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖီဆန်ပေးကြပါ” ဟု ချီတက် သပိတ်မှောက်မှုတွင် တိုက်တွန်း နှိုးဆော်ကြသည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လူစည်နေသောနေရာတွင် ယနေ့ ပျောက်ကြားသပိတ်ပြုလုပ်ခြင်း၊ ဆားလင်းကြီးလမ်းမပေါ်ထပ်တွင်စာရွက်များနှင့်နှင်းဆီပန်းဖြန့်ကျဲခြင်၊း ကိုကေဇဝင်း ဂူဗိမ္မာန်သို့သွားရောက် အလေးနီပြုခြင်းများကို ပြည်သူများက လုပ်ဆောင်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article