32.5 C
Yangon

ဒီးမော့ဆို၊ ဆီးလီဒုန်းရွာကို အကြမ်းဖက်စစ်ကောင်စီက သံချပ်ကာအမြှောက်ကားအပါအဝင် အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မိုးဗြဲ-ဒီးမော့ဆို လမ်းပေါ်ရှိ ဆီးလီဒုန်းကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က သံချပ်ကာအမြှောက်ကား အပါအဝင် အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး ယနေ့နံနက် ၆ နာရီမှ စတင်ကာ မွန်းလွဲ ၁ နာရီခန့်အထိ ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီက ဆီးလီဒုန်းကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတယ်။ နန်းမယ်ခုံကနေ ကျွန်းတော၊ အဲဒီကနေမှ ဆီးလီဒုန်း။ အင်အားက ၃၀၀ လောက်ဆိုတော့ ၂ ကြောင်းခွဲပြီး တက်လာတယ်၊ သံချပ်ကာအမြှောက်ကားလည်း ပါတယ်၊ အဝေးကနေ လက်နက်ကြီး ပစ်ကူတွေလည်း ပစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့) သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကရင်နီတပ်ဖွဲ့များ ထိန်းချုပ်ထားခဲ့သော နန်းမယ်ခုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မိုးဗြဲ-ဒီးမော့ဆို ကားလမ်းအတိုင်း ဒီးမော့ဆိုဘက်သို့ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့ တိုက်ပွဲဖြစ်ရာဒေသတဝိုက် စစ်ကောင်စီဘက်မှ ကင်းထောက်လေယာဉ်ဖြင့် ထောက်လှမ်းမှုများရှိကြောင်း နှစ်ဖက်ကျဆုံးစာရင်းကို မသိရှိရသေးကြောင်း အလယ်ပိုင်တိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က ဆိုသည်။

ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article