29 C
Yangon

ဘားအံ KBZ ဘဏ် ဓားပြအတိုက်ခံရပြီး သိန်းထောင်ကျော်ပါသွားဟုဆို၊ သိန်း ၁၀၀၀ ကျော်ပါသွားသော သီပေါ KBZ ဘဏ် ဓားပြတိုက်ခံရမှုဖြစ်ပြီး ၃ ရက်အကြာ ထပ်မံ ဖြစ်ပွားခြင်းဖြစ်

Must read

ရန်ကုန်၊ မတ် ၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် ၂ ရပ်ကွက် KBZ ဘဏ်ခွဲ ၁ ကို လူ ၅ ဦးက ယနေ့ ညနေ ၃ နာရီတွင် ဓားပြအတိုက်ခံရပြီး သိန်းထောင်ကျော်ပါသွားကြောင်း ဘားအံသတင်းရင်းမြစ် Hpa-an News က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယနေ့ ညနေ ၃:၀၀နာရီဝန်းကျင်က ဘားအံမြို့ အမှတ်(၂)ရပ်ကွက်ရှိ KBZ bankခွဲ (၁) ဓားပြတိုက်ခံခဲ့ရကြောင်း၊ လူ၅ယောက်ပါအဖွဲ့က Bankအတွင်း သေနတ် ၂ချက်ခန့်ပစ်ဖောက်ကာ ငွေသား ထောင်ကျော်ခန့်ယူဆောင်သွားသည့်အပြင် Bank ဝန်းထမ်းများ၏ ဖုန်းပါယူဆောင်သွားကြောင်း သိရှိရသည်။

ဘားအံ KBZ ဘဏ်အတွင်းရှိ CCTVများကိုလည်း ဖြတ်တောက်သွားပြီ ကားဖြင့် ထွက်ပြေးသွားကြောင်း ၊ယခုအခါ ဘားအံမြို့ဝင် မြို့ထွက်၌ အစစ် အဆေးကြမ်းလျက်ရှိနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ KBZ ဘဏ် ဓားပြတိုက်ခံရပြီး သိန်း ၁၀၀၀ ကျော်ပါသွားကြောင်း၊ လက်ရှိအချိန်အထိ တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘားအံ KBZ ဘဏ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article