ရန်ကုန်၊ မတ် ၄
ချင်းပြည်နယ်၊ ဖလမ်းမြို့မှတဆင့် ဟားခါးမြို့သို့ ရိက္ခာပို့ရန်လာသည့် သံချပ်ကာအမြှောက်ကား ၂ စီး၊ စစ်ကား ၂ စီးပါသည့် စစ်ကောင်စီစစ်ကြောင်းကို ချင်းတပ်ဖွဲ့များက ၃ ကြိမ် တိုက်ခိုက်ရာ စစ်သား ၆၁ ဦးကျော်သေဆုံးကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၁ ဦးခန့် သေဆုံးကြောင်း၊ မတ်လ ၂ ရက်နေ့တွင် တားလ်ကျေးရွာနှင့် တလန်ဇာရ်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃၀ ဦး ခန့်သေဆုံးကြောင်း၊ မတ်လ ၃ ရက်နေ့တွင် ရမ်ထလိုကျေးရွာနှင့် ဒေါက်ထက်ကျေးရွာကြား၌ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၀ ဦးကျော် သေဆုံးကြောင်း ရေးသားထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း CNA ရဲဘော် ၃ ဦး ကျဆုံးပြီး CNDF တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ ၁ ဦးမှာ မစိုးရိမ် ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်ကို ချင်းအမျိုးသား တပ်ဦး CNA/CNF၊ CNDF၊ CDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – CNDF တပ်ဖွဲ့ဝင်များ သရုပ်ပြလေ့ကျင့်နေစဉ်