30 C
Yangon

ဖလမ်းမှ ဟားခါးသို့ လာသည့် ရိက္ခာပို့ စစ်ကောင်စီယာဉ်တန်းကို ချင်းတပ်ဖွဲ့များ ၃ ကြိမ်တိုက်ခိုက်၊ စစ်သား ၆၁ ဦးကျော် သေဆုံး

Must read

ရန်ကုန်၊ မတ် ၄

ချင်းပြည်နယ်၊ ဖလမ်းမြို့မှတဆင့် ဟားခါးမြို့သို့ ရိက္ခာပို့ရန်လာသည့် သံချပ်ကာအမြှောက်ကား ၂ စီး၊ စစ်ကား ၂ စီးပါသည့် စစ်ကောင်စီစစ်ကြောင်းကို ချင်းတပ်ဖွဲ့များက ၃ ကြိမ် တိုက်ခိုက်ရာ စစ်သား ၆၁ ဦးကျော်သေဆုံးကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နှင့် တားလ်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၁ ဦးခန့် သေဆုံးကြောင်း၊ မတ်လ ၂ ရက်နေ့တွင် တားလ်ကျေးရွာနှင့် တလန်ဇာရ်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃၀ ဦး ခန့်သေဆုံးကြောင်း၊ မတ်လ ၃ ရက်နေ့တွင် ရမ်ထလိုကျေးရွာနှင့် ဒေါက်ထက်ကျေးရွာကြား၌ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၀ ဦးကျော် သေဆုံးကြောင်း ရေးသားထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း CNA ရဲဘော် ၃ ဦး ကျဆုံးပြီး CNDF တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ ၁ ဦးမှာ မစိုးရိမ် ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်ကို ချင်းအမျိုးသား တပ်ဦး CNA/CNF၊ CNDF၊ CDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – CNDF တပ်ဖွဲ့ဝင်များ သရုပ်ပြလေ့ကျင့်နေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article