29 C
Yangon

နိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ စစ်အရာရှိများနှင့် ဆွေမျိုးတော်စပ်သူများ အပါအဝင် လူ ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၄

နိုင်ငံတဝှမ်းရှိ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ စစ်တပ်နှင့် ဆွေမျိုးတော်စပ်သူများ အပါအဝင် ၇ဦးကို အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ပဲခူးတိုင်း
========

ပဲခူးတိုင်း ကဝမြို့နယ် အေးရွာသစ်ကျေးရွာအနီးတွင် မတ်လ ၄ရက်နေ့ နံနက် ၁၀ နာရီခန့်က ရစ်ကန်ကြီး ကျေးရွာ စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဆန်းဝင်းနှင့် မက်မောက် ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်ဇော်တို့ကို အမည်မသိ သေနတ်သမားများက ၎င်းတို့ ဆိုင်ကယ် စီးနင်းနေစဉ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဆန်းဝင်းသည် စစ်တပ်ထောက်ခံသော သတင်းများကို အဓိက ဖော်ပြနေသည့် ပြည်သူ့ရင်ဖွင့်ဂျာနယ်မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး သေဆုံးသူ ဆန်းဝင်းသည် ကျောင်းသူ မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် ၂၀၁၇ခုနှစ်တွင် ကျောင်းဆရာအလုပ်ထုတ်ပယ် ခြင်းခံထားရသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

အလားတူ မက်မောက်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်ဇော်သည်လည်း ရေလုပ်သားများထံမှ မတရား အခွန်ငွေများ ကောက်ခံခြင်းနှင့် ကြက်ဝိုင်း၊ ဖဲဝိုင်း လောင်းကစားဝိုင်းများ အခွန်ငွေများ ကောက်ခံကာ အကြမ်းဖက် စစ်ကောင်စီကို ထောက်ပံ့နေသူတစ်ဦးဖြစ်ပြီး ၎င်းတို့ ၂ဦးကို အမည်မသိ သေနတ်သမားများက အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် CDM ဆရာ ဆရာမ များကို ဖိအားပေးခြိမ်းခြောက် နေသည့် အေးမြသာယာမြို့သစ် ပညာရေးမှူး ခင်မောင်ဝင်းကို မတ်လ ၄ရက်နေ့ နံနက် ၈နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ သေဆုံးသူ ခင်မောင်ဝင်းကို အမည်မသိ သေနတ်သမားများက ပညာရေးမှူးရုံးသို့ အသွားတွင် စောင့်ကြို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘယ်ဘက် လက်မောင်းမှ နှလုံးသို့ ကျည်ဖောက်ဝင်သွားတာ ဆေးရုံမရောက်မှီ သွေးထွက်လွန်၍ သေဆုံးသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း
===========

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တိုးချဲ့ ဂ ရပ်ကွက်တွင် မတ်လ ၃ရက်နေ့ ည ၈နာရီခန့်၌ ကြံ့ဖွတ်ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်မြင့်သိန်းကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး သေနတ် ဒဏ်ရာ ၁၂ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီရေခဲစက်အနီးတွင် မတ်လ ၄ရက်နေ့ ညနေ ၄နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ လေတပ်နှင့် ရေတပ်တို့က ဗိုလ်မှူးအဆင့်ရှိသူများနှင့် ဆွေမျိုးတော်စပ်သော KBZ ဘဏ် ဒုတိယ လက်ထောက် မန်နေဂျာ ဖြိုးဖြိုးကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မွန်ပြည်နယ်
=========

မွန်ပြည်နယ် သထုံမြို့ ဒူးရင်းဆိပ်ရွာ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက မတ်လ ၄ရက်နေ့တွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီခန့် သေဆုံးသူ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူသည် ဗိုလ်သင်တန်းဆင်းထားသူ ဖြစ်ပြီး စစ်တပ်နှင့်ပူးပေါင်းကာ ပြည်သူများအပေါ် ဖိနှိပ်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း
=========

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြိုနယ် ကံပေါက်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ကြံ့ဖွတ်ပါတီဝင် လှသန်းကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က မတ်လ ၃ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဓာတ်ပုံ- ကံပေါက်မှ ကြံ့ဖွတ်ပါတီဝင် လှသန်း အသတ်ခံထားရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article