26 C
Yangon

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

Must read

ရန်ကုန်၊ မတ် ၅

မြန်မာ-အိန္ဒိယနယ်စပ်၊ Rikhawdar (ရိခေါ်ဒါရ်) မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၅ ရက် နံနက် ၅ နာရီအချိန်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှီသည်။

ရိခေါ်ဒါရ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ တီအိုချောင်းနံဘေး တောင်ကုန်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို ချင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သည်ဟု ပြောဆိုကြပြီး တိုက်ပွဲအသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

နှစ်ဖက်တိုက်ပွဲကြောင့် ဇန်နဝါရီလ ၂၉ ရက်နေ့ကတည်းက ရိခေါ်ဒါရ်ဒေသခံ ၁,၀၀၀ ကျော် အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရိခေါ်ဒါရ်မြို့တွင် စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် အိန္ဒိယနိုင်ငံက နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article