30 C
Yangon

အင်တာနက်ဖြတ်တောက်ပြီးနောက် ခင်ဦးမြို့နယ်၊ မှန်တောနှင့်ဒါန်းကုန်းကျေးရွာများကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့၊ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ သူ ၂ ဦးရှိ

Must read

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အပါအဝင် မြို့နယ်အများစုတွင် မတ်လ ၃ ရက်နေ့ ည ၁၁ နာရီအချိန်မှစတင်၍ အင်တာနက်ဖြတ်တောက်ပြီးနောက် ခင်ဦးမြို့နယ်၊ မှန်တောနှင့်ဒါန်းကုန်းကျေးရွာများကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ နံနက် ၈နာရီအချိန်တွင် ရေဦးမြို့မှ စစ်ကောင်စီအင်အား ၈၅ ဦးခန့်သည် ရွာသစ်ကုန်းကျေးရွာမှ စစ်တပ်များနှင့်ပူးပေါင်းလိုက်ရာ စုစုပေါင်း အင်အား ၁၀၀ ရှိလာကြောင်း၊ ယင်းနောက် မှန်တောနှင့်ဒါန်းကုန်းကျေးရွာသို့ သွားရာ လမ်းတွင် မိုင်းဆွဲခံရကြောင်း၊ စစ်တပ်အင်အား ၁၀၀ ကျော်ကို စစ်ကြောင်း နှစ်ခုခွဲ၍ မှန်တော နှင့် ဒါန်းကုန်း ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်စီးခဲ့ကြောင်း၊ မွန်းလွဲ ၂နာရီကျေးရွာ ၂ ခုလုံးကို မီးတင်ရှို့ပြီး လတ်တလော ဒါန်းကုန်းကျေးရွာမှ အိမ်ခြေ ၆၀ခန့် ပြာကျသွားကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အခု မှန်တောကျေးရွာကို ဝင်စီးပြီး မီးတွေရှို့နေတယ်။ ဒါန်းကုန်းရွာက အိမ်အလုံး ၆၀ ခန့် မီးရှို့ခံရတယ်။မှန်တောလည်း ဖျက်ဆီးခံနေရတယ်။ ဝင်ကြည့်မရသေးဘူး။ ရွာနားကပ်မရသေးဘူး။ ဒဏ်ရာရသူ ၂ ဦးရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မှန်တောနှင့်ဒါန်းကုန်းကျေးရွာအပါအဝင် အနီးအနားဝန်းကျင် ကျေးရွာများအားလုံးမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article