ရန်ကုန်၊ မတ် ၅
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာကို ယနေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခြင်း၊ နွားများကို သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးသဖြင့် အိမ်ခြေ ၆၀ နီးပါး ပြာကျသွားကြောင်း၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။